lang1

Dawei Special Economic Zone

Home_Slider

Menu Bar Background

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ၏ မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သတ်သည့် ညှိနှိုင်းအစည်းအဝေး

Fri, 11/22/2019 - 06:13 -- admin
feature news ပြရန်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်သည် (၂၂-၁၁-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ကော်မတီများ၊ ရုံးအဖွဲ့ဝင်များနှင့် မြေယာကိစ္စနှင့်ပတ်သတ်ဿည့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးအဆောက်အဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်အဝေးတွင်ဥက္ကဋ္ဌမှ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် မြေငှားစာချုပ် အခြေအနေ၊ ပင်မစီမံကိန်းတွင် လာရောက်ရင်းနှီးမြှပ်နှံရန်အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများမှ လာရောက်တွေ့ဆုံမှုများနှင့် မြေယာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။